Saturday 4 August 2012

Windows 7 install with USB flash drive


516
လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …


Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။
ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။

အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။window 7 iso ဒေါင်းရန်

iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။

USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။
ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ

0 comments:

Post a Comment

သင်နှစ်သက်ရာ webpage များကို ဒီနေရာကနေ သွားနိုင်ပါတယ်။

































ထပ်မံဖြည့်စွက် သွားပါမယ်..အဆင်ပြေပါစေ..လူကြီးမင်းတို့၏ webpage များကို ဤနေရာတွင် ဖော်ပြလိုပါက cbox & gmail ကို ဆက်သွယ်ပါ