ဒီနေ့ခေတ်
နေရာအနှံ့အပြားမှာ ဘောလုံး က လူတိုင်းရဲ့ ရင်ထဲကို တို့ဝှေ့ နေရာယူလာ တာ
Virus တစ်ကောင် အလားပါပဲ…..ဘောလုံးချစ်ပရိသတ် တွေ ၊ ဘောလုံးကို အရူး အမူး
အားပေးတဲ့ ပရိတ်သတ် တွေက တစ်နေ့ တခြား များပြားလာတာကို
တွေ့ရပါတယ်..ဒါပေမယ့် ဘောလုံး အားကစားကို ချစ်မြတ်နိုးပေမယ့် အချိန်ပေးပြီး
မကြည့်နိုင်တဲ့လူတွေ ကလည်း ဒုနဲ့ ဒေးလို့ ဆိုရလောက်အောင်
များပြားစွာရှိနေပါတယ်….အဲဒီလို အချိန်ပေးပြီး မကြည့်နိုင်တဲ့သူတွေ အတွက်
ဖြေရှင်းပေမယ့် ဆော့ဝဲလ် ကောင်းလေး တစ်ခု
တွေ့ရှိထားပါတယ်ခင်ဗျ….ဒီဆော့ဝဲလ် လေးကတော့ အလုပ်မအားလပ်တဲ့လူတွေ အတွက်
အသင့်တော်ဆုံးလို့ ဆိုရလောက်အောင် ပြီး ပြည့်စုံတာကို
တွေ့ရှိရပါတယ်…..ပရီမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါ.၊
ချန်ပီယံရှစ်၊ ချန်ပီယံလိဂ်၊ ပြင်သစ်လီဂူး အပြင် မြောက်များလှစွာသော
ဘောလုံးလိဂ် အသီးသီးရဲ့ နောက်ဆုံး ရသတင်းတွေ ၊ ဂိုးရလဒ်တွေ ၊ လိဂ်
တစ်ခုအတွင်းဂိုးအများဆုံးသွင်းထားသူတွေ ကို အချိန်နဲ့ တပြေးညီ
ကြည့်ရှုနိုင်မှာဖြစ်ပါတယ်….ဒါအပြင် ကိုယ်ကြိုက်နှစ် သက်တဲ့ အသင်းကိုလည်း
favourite ပေးထားရုံဖြင့် အဲဒီအသင်းရဲ့ ရလဒ်တွေ သတင်းတွေကို ဦးဦးဖျားဖျား
မြင်တွေ့ရမှာ ဖြစ်ပါတယ် ခင်ဗျ…



ဒီဆော့ဝဲလ်လေး ကအရင်လည်း ထွက်ရှိပြီးသားပါ… ဒါပေမယ့်
အသစ်သစ်တွေကိုမှ
မြတ်နိုးတဲ့ သူတွေအတွက် update ထွက်ရှိလာလို့ တင်ပေးထားတာဖြစ်ပါတယ်..ဒီ
update apk မှာ အရင် ပုံစံနဲ့ မတူတဲ့အသွင်အပြင်(features)
များစွာပါဝင်လာမှာဖြစ်ပြီး စုံစုံလင်လင်လည်း သိရှိနိုင်မှာဖြစ်ပါတယ်
ခင်ဗျာ။
0 comments:
Post a Comment